Album Review – Sweetener by Ariana Grande

H

ဒီအခွေကတော့ Ariana Grande ရဲ့ လေးခွေမြောက်အခွေပါ ။ Genre တွေအနေနဲ့တော့ Mixed လို့ပြောရမှာဖြစ်ပြီးအများစုကတော့ R&B , Hip Hop , Contemporary R&B တွေဖြစ်ပြီး Pop လည်းပါဝင်လာပါတယ်

စုစုပေါင်း ၁၅ ပုဒ်ပါဝင်ပြီး Pharrell Williams, Nicki Minaj နဲ့ Missy Elliott တို့က Featuring Act အနေနဲ့ပါဝင်ထားသလို Bob Gaudio , P.William , Maxine Colon , A.Grande , N Minaj , Max Martin , M.Elliot တို့နဲ့ အခြားအစရှိတဲ့ Writer တွေဟာပါဝင်ရေးသားပေးထားပါတယ်

Highlights
__________________________________

ပထမဆုံးအနေနဲ့ Highlight လုပ်ချင်တဲ့ သီချင်းကတော့ Breathin ဖြစ်ပါတယ် ။ R&B သီချင်းဖြစ်ပြီး အရင်အခွေတွေထဲက Hit Songs တွေဖြစ်တဲ့ Love Me Harder , Focus အစရှိတဲ့ သီချင်းရဲ့ Writer က Co-Writer အနေနဲ့ပါဝင်ရေးပေးထားပြီး တော့ Album တချပ်လုံးမှာ ဒုတိယအကောင်းဆုံး သီချင်းပါပဲ။ သီချင်းကို နားစွဲမလွယ်တဲ့ Verse နဲ့စထားပေမယ့် Catchy ဖြစ်တဲ့ Chorus ရဲ့ Melody နဲ့ ပြန်တွဲထားပါတယ် ။ တီးထားတဲ့ Music ကလဲတော်တော်ကောင်းပါတယ် ။ ဒုတိယ Music ရပ်ချလိုက်တာလေးဆို တော်တော်သဘောကျပါတယ် ။ Bridge မထည့်ပဲ Loop ပဲ ထည့်လိုက်တာတော့ သိပ်ဘဝင်မကျပေမယ့် Still Second Best Track ပါပဲ ။

ဒုတိယအနေနဲ့ကတော့ Borderline ပါပဲ
ပုံမှန်အတိုင်းနားထောင်ရင် တော်တော်ကိုနားမဝင်မယ့် သီချင်းပါပဲ But ဒီသီချင်းကို လုပ်ထားတဲ့ ပုံလေးကိုတော်တော်သဘောကျစရာကောင်းပါတယ် ။ 80s Jam နဲ့ Trap ၂ ခုကို ရောပြီးလုပ်ထားသလိုမျိုး ပါပဲ ။ နားထောင်လိုက်ရင် Early 2000s က R&B ကို Remake လုပ်ထားသလိုပုံစံမျိုးပါ

တတိယကိုတော့ Goodnight n Go ကိုရွေးထားပါတယ် ။ ဒီသီချင်းကတော့ Hip Hop-ish R&B လို့ပဲပြောရမလားပဲ ။ ဒီသီချင်း ကိုလဲ Music ကိုတော်တော်သဘောကျပါတယ် ။ နောက်တခု ကတော့ Vocal Arrangement ပါပဲ ။ Melody ကတော့ လက်ရှိ Popular ဖြစ်နေတဲ့ပုံစံမျိုးဆိုပေမယ့် Over Lapping တွေထပ်တာ Backing တွေထည့်ထားတာက Mary J B တို့ Mariah Carey တို့ Beyonce တို့ 2005/2006 ဝန်းကျင်မှာ သုံးခဲ့တဲ့ ပုံစံမျိုး အဓိကထားသုံးထားတဲ့ပုံစံမျိုးပါပဲ
ဒါကတော့ Fourth Best Track ပါပဲ

Overall
____________________________

အခွေရဲ့ Music ပုံစံတွေက Ariana ဟာ Music Transition စလုပ်ပြီလို့ ခံစားရပါတယ် ။ နောက်ပြီး It’s Like She’s Making Music Like Whom Those Inspired Her လို့လဲပြောလို့ရပါတယ် ။ Early 2000s & Current Trend တွေကို Mixed လုပ်ထားသလိုပုံစံက တစ်မျိုးဆန်းပါတယ် Single တွေကိုတော့ Highlight မလုပ်တော့ပါဘူး ။ အားမနာတမ်းပြောရရင်တော့ Music Transition အစမို့လဲ ဖြစ်ကောင်းဖြစ်နိုင်မယ် ဒါမှမဟုတ် သီချင်း အများစုကိုတော့ ရွေးချယ်မှုမှားတာလဲ ဖြစ်ကောင်းဖြစ်မယ် အဲ့တာကြောင့် မျှော်လင့်ထားသလောက်တော့ Not Enough ပါပဲ

Ratings
🌟 = 1
💫 = 0.5

Raindrop ( An Angel Cried ) 🌟🌟🌟🌟
Blazed 🌟🌟🌟
The Light Is Coming 🌟🌟🌟
REM 🌟🌟💫
God Is A Woman 🌟🌟🌟🌟🌟
Sweetener 🌟🌟🌟
Successful 🌟🌟💫
Everytime 🌟🌟🌟🌟
Breathin 🌟🌟🌟🌟🌟
No Tears Left To Cry 🌟🌟🌟🌟🌟
Borderline 🌟🌟🌟🌟
Better Off 🌟🌟🌟
Goodnight n Go 🌟🌟🌟🌟
Pete Davidson 🌟🌟🌟
Get Well Soon 🌟🌟🌟

Best Track – God Is A Woman
Second Best – Breathin
Third Best – No Tears Left To Cry
Fourth Best – Goodnight n Go
_________________________________

Album Ratings

The Guardian – 3 / 5
The Independent – 3 / 5
Major M – 65 / 100

Metacritic ကတော့ လူ ၈ယောက်ပဲ Review လုပ်ထားသေးတဲ့အတွက် ထည့်မတွက်သေးပါ

Leave a comment